လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊(အောက်ဒေါင့်ကြီး၊ အထက်ကဇင်းတော၊ ကုလားမချောင်)ကျေးရွာတို့၌ (၉-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းဖျက်သိမ်းနေအိမ် (၂၆)လုံး အိမ်ထောင်စု (၂၆)စုမှ လူဦးရေ (၁၂၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၆၀၀ဝဝဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာရန် ပုံငွေ (၂၆၈၈၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၂၈၆၈၈၀ဝိ/-) အား (၁၀-၉-၂၀၁၉) ရက်နေ့ (၁၄း၄၅)နာရီ အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_sep2019
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)