ရေမျောအလုပ်သမားများအား ထောက်ပံ့ခြင်း

 

11_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ (၃၁.၈.၂၀၁၉)ရက်နေ့နှင့် .(၁.၉.၂၀၁၉)ရက်နေ့တွင်ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဖုံးတောင်ချောင်းဝ၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ငါးဖမ်းဖောင်အဖွဲ့ ဖြင့်၎င်းပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ငါးဖမ်းသမားများသည် ငါးဖမ်းကျားဖောင်ချုပ်တန်းများ ပြုတ်ထွက်ပျက်စီးခဲ့ပြီး၊ (၇.၉.၂၀၁၉)ရက်နေ့နှင့်(၈.၉.၂၀၁၉)ရက်နေ့တို့တွင် ငါးဖမ်းအလုပ်သမား (၁၁)ဦးတို့မှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာနှင့် တပ်မှူးချောင်ကျေးရွာတို့ရှိ ချောင်းဝများသို့ ထပ်တိုး မျောပါဆိုက်ကပ်လာခဲ့ရာ၊ အဆိုပါထပ်တိုးငါးဖမ်းအလုပ်သမား(၁၁)ဦးတို့အတွက်ခရီးစရိတ်ငွေ(၁)ဦးလျင် (၁၀,၀၀ဝိ/-)စီဖြင့်(၁၁၀,၀၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးဖြစ်သည့် ကျားလုံချည်၊ တီရှပ်၊ တဘက်၊ ဆပ်ပြာ (၁၁)ဦးတို့အတွက်၊ (၁)ဦးလျင်(တန်ဖိုးငွေ-၇,၉၅ဝိ/-)စီဖြင့် (စုစုပေါင်းတန်ဖိုးငွေ-၈၇,၄၅ြိ/- )တို့အား (၉.၉.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#Unicode Version#

#otr

#mon_sep2019

Source:         သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events