လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ (၃.၉.၂၀၁၉)ရက်နေ့တွင်ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဖုံးတောင်ချောင်းဝ၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ငါးဖမ်းဖောင်အဖွဲ့ ဖြင့်၎င်းပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ငါးဖမ်းသမားများသည် ကျားဖောင်ကျောက်ကြိုးများ ပြုတ်ထွက်ပျက်စီးခဲ့ပြီး၊ (၉.၉.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာချောင်းဝသို့ ထပ်တိုး မျောပါဆိုက်ကပ်လာခဲ့ရာ၊ အဆိုပါထပ်တိုးငါးဖမ်းအလုပ်သမား(၄)ဦးတို့အတွက်ခရီးစရိတ်ငွေ(၁)ဦးလျင် (၁၀,၀၀ဝိ/-)စီဖြင့်(၄၀,၀၀ဝိ/-)အား လည်းကောင်း ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးဖြစ်သည့် ကျားလုံချည်၊ တီရှပ်၊ တဘက်၊ ဆပ်ပြာ (၄)ဦးတို့အတွက်၊ (၁)ဦးလျင်(တန်ဖိုးငွေ-၇,၉၅ဝိ/-)စီဖြင့် (စုစုပေါင်းတန်ဖိုးငွေ-၃၁,၈၀ဝိ/- )တို့အားအားလည်းကောင်း (၁၀.၉.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#mon_sep2019
Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)