သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၁၉) ရက်နေ့တွင် သရက်မြို့နယ်၊ အ.မ.က (လေးတိုင်စင်) မူလတန်းကျောင်း၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၆၀) ဦးတက်ရောက်ခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်များနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#mgy_sep2019

Sign Up

Upcoming Events