လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့နယ်၊ ကုက္ကိုလ်ကျေးရွာ၌ (၇-၉-၂၀၁၉) ရက်နေ့တွင် မြစ်သာမြစ်ကမ်းပါးပြိုကျမှုကြောင့် ဖျက်သိမ်းပြောင်းရွှေ့အိမ်ထောင်စု (၂) စု၊ လူဦးရေ (၉) ဦးနှင့် (၉-၉-၂၀၁၉) ရက်နေ့၌ အောင်မေတ္တာရပ်ကွက်မှ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၄၂,၀၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်တို့အား (၁၀-၉-၂၀၁၉) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#sgg_sep2019