Category Archives: News
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာ ပမြို့နယ်၊ (ဃ) ရပ်ကွက်၌ (၁၄-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀/-) ကျပ်တို့အား (၁၈-၉-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) … Read more
-
အငယ်တန်းစာရေးရာထူးနှင့် ပစ္စည်းထိန်း-၅ ရားထူးခန့်အပ်ခြင်းခံရသောပုဂ္ဂိုလ်များသည် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ (၂၃-၉-၂၀၁၉) ရက်နေ့၊ (တနင်္လာနေ့) နောက်ဆုံးထား၍ သတင်းပေးပို့ ဆောင်ရွက်သွားရမည်ဖြစ်ပါသည်-
အငယ်တန်းစာရေးရာထူးနှင့် ပစ္စည်းထိန်း-၅ ရားထူးခန့်အပ်ခြင်းခံရသောပုဂ္ဂိုလ်များသည် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ (၂၃-၉-၂၀၁၉) ရက်နေ့၊ (တနင်္လာနေ့) နောက်ဆုံးထား၍ သတင်းပေးပို့ ဆောင်ရွက်သွားရမည်ဖြစ်ပါသည်- အငယ်တန်းစာရေးရာထူး ပစ္စည်းထိန်း-၅ ရားထူး
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြည်ထောင်စုနယ်မြေအတွင်း မသန်စွမ်းသူများအား ထောက်ပံ့ငွေ များပေးအပ်မှုသတင်း
စက်တင်ဘာ၊ ၁၈၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ် ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ တက်ရောက်ခဲ့ ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအားလုံး အခြေခံလူ့အခွင့်အရေးများရရှိပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နေနိုင်ရန် လူမှုကာကွယ် စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ကြိုးပမ်းပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် မသန်စွမ်းသူ များနှင့်ပတ်သက်၍ မြန်မာနိုင်ငံမသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၁၆-၂၀၂၅)ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Terre des hommes- Lousanne (Tdh-L) နှင့် ပူးပေါင်းဆောင်ရွက်သည့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစီမံချက် မိတ်ဆက်ခြင်း အခမ်းအနားသို့တက်ရောက်
၁၈.၉.၂၀၁၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် Tdh-L တို့ ပူးပေါင်းဆောင်ရွက် သည့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစီမံချက် အသိပေးမိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အခြေခံလူ့အခွင့်အရေးများကို ဒီမိုကရေစီစံနှုန်းများနှင့်ကိုက်ညီမှုရရှိအောင် မူဝါဒများချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်များရဲ့ ရှေးဦးဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းဥပဒေ (ECCD Law) … Read more
-
ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ အန္တားကျေးရွာ၊ အခြေခံ ပညာအလယ်တန်းကျောင်းခွဲ၌ (၁၈-၉-၂၀၁၉) ရက်နေ့ (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီအထိ ဆရာ/ဆရာမ (၁၂) ဦး၊ ကျောင်းသား/သူ (၂၃) ဦးနှင့် ကျေးရွာနေပြည်သူလူထု (၃၀) ဦး၊ စုစုပေါင်း (၆၅) ဦးတို့အား ငလျင်ဘေးနှင့် အခြား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ရွာမကျေးရွာ၌ (၂၂-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် အိမ်ထောင်စု (၉) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၈၈,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃၇) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၇၇,၇၀၀/-) ကျပ်တို့အား (၁၈-၉-၂၀၁၉) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၉) ရက်နေ့ နံနက် (၀၉းဝဝ) အချိန်မှ (၁၁း၃၀) နာရီအချိန်အထိ ပုဗ္ဗသီရိမြို့နယ်၊ အ ထ က (၁၃) စာသင်ကျောင်းတွင် ငလျင်ဘေး အန္တရာယ် ဆိုင်ရာအသိပညာပေးခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ ကျောင်းသား/သူ (၂၅၀) ဦးတက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဒုခရိုင်ပညာရေးမှူး၊ ဒုမြို့နယ် ပညာရေးမှူး၊ ပုဗ္ဗသီရိအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာ နွယ်နီကျေးရွာအုပ်စု နွယ်နီကျေးရွာနှင့် မိုးကွဲကျေးရွာအုပ်စု ချင်းယားကျေးရွာတို့တွင် (၁၈.၉.၂၀၁၉)ရက်နေ့၌ ချင်းတွင်းရေမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်(၄၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၄၀၀၀၀ဝိ/-)ကျပ်နှင့် ဘေးသင့်အိမ်ထောင်စု (၄၈)စုမှ လူဦးရေ (၂၁၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ(၄၄၁၀၀ဝိ/-)ကျပ်တို့အား (၁၈-၉-၂၀၁၉)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။ #ha_rbe #mgy_sep2019 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရှောက်ချောင်း ကျေးရွာအုပ်စု၊ ဆင်မဝဲချောင်းကျေးရွာ၌ (၁၂-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ဘေးသင့်ပြည်သူ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ(၆,၃၀၀/-)ကျပ်တို့အား (၁၈-၉-၂၀၁၉) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ … Read more
-
စက်ရေတွင်းလှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၈-၉-၂၀၁၉) ရက်နေ့တွင် ခရမ်းမြို့ ရပ်ကွက် (၂) ၊ရပ်ကွက်(၃)တို့တွင် ၄ လက်မစက်ရေတွင်းတူးဖော်ရန်နှင့် ရေကန်၊ စက်ရေတွင်းအမိုး၊ အကာအပါအဝင်ဆောက်လုပ်ရန်အတွက် ထောက်ပံ့ငွေကျပ် (၁၆,၁၀၀,၀၀ဝိ/-) အား မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ စနစ်တစ်ကျလွှဲပြောင်းပေးခဲ့ပါကြောင်းနှင့် ဘဏ္ဍာရေးနှစ်အတွင်းလုပ်ငန်းပြီးစီးအောင် ဆောင်ရွက်ရေးညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ygn_sep2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)









