လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ အန္တားကျေးရွာ၊ အခြေခံ ပညာအလယ်တန်းကျောင်းခွဲ၌ (၁၈-၉-၂၀၁၉) ရက်နေ့ (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီအထိ ဆရာ/ဆရာမ (၁၂) ဦး၊ ကျောင်းသား/သူ (၂၃) ဦးနှင့် ကျေးရွာနေပြည်သူလူထု (၃၀) ဦး၊ စုစုပေါင်း (၆၅) ဦးတို့အား ငလျင်ဘေးနှင့် အခြား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#mgy_sep2019