ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Terre des hommes- Lousanne (Tdh-L) နှင့် ပူးပေါင်းဆောင်ရွက်သည့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစီမံချက် မိတ်ဆက်ခြင်း အခမ်းအနားသို့တက်ရောက်

၁၈.၉.၂၀၁၉၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် Tdh-L တို့ ပူးပေါင်းဆောင်ရွက် သည့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစီမံချက် အသိပေးမိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အခြေခံလူ့အခွင့်အရေးများကို ဒီမိုကရေစီစံနှုန်းများနှင့်ကိုက်ညီမှုရရှိအောင် မူဝါဒများချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်များရဲ့ ရှေးဦးဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းဥပဒေ (ECCD Law) နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (Child Right Law) များကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေး (၄) ရပ်ကို အပြည့်အဝရရှိအောင် ဖွံ့ဖြိုး တိုးတက် ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆက်လက်၍ ယခု အကောင်အထည်ဖော်ဆောင်ရွက်မည့်စီမံချက်ပါလုပ်ငန်းတစ်ခုဖြစ်သည့် ကလေးသူငယ်များသည် မိသားစုနှင့် သာ ကြီးပြင်းနေထိုင်သင့်သည့်အတွက် မိသားစုပြန်လည်ပေါင်းစည်းရေးစီမံချက်၊ မိရင်းဖရင်းများနှင့်အတူ နေထိုင်ခွင့် မရသည့် ကလေးသူငယ်များအတွက် မိဘအရင်းသဖွယ် ယာယီအစားထိုးစောင့်ရှောက်ရေးစီမံချက်နှင့် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ အခွင့်အရေးများရရှိစေရန်အတွက် ကလေးသူငယ် တရားစီရင်ရေ စီမံချက် များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် ကလေးသူငယ်များသို့ ရှေးဦးဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးသူငယ်များ မသိနားမလည် ၍ ကျူးလွန်မှုများကိုထပ်မံမဖြစ်ပေါ်စေရေး၊ ပြန်လည်ထူထောင်ရေး၊ကလေးသူငယ်များအား သင်တန်းကျောင်း/ဂေဟာ များသို့ အကြိမ်ကြိမ်ထပ်မံ မရောက်ရှိစေရေး၊ မိသားစုအုပ်ထိန်းသူများနှင့်အတူတကွ ကြီးပြင်းနေထိုင်နိုင်ရေးအတွက် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားအတွက် စီမံချက်ပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပါရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ EU သံအမတ် (H.E. Mr. Kristian Schmidt) ကလည်း လူတိုင်းသည် ကလေးဘဝကို ဖြတ်သန်းခဲ့ရသူများဖြစ်ပါကြောင်း၊ ကလေးများ၏ အခွင့်အရေးကို တန်းတူညီမျှခံစားရရှိစေနိုင်ရေး၊ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ Convention ပါ ကလေးသူငယ်အခွင့်အရေးများကိုလည်း ဝိုင်းဝန်း ဖြည့်ဆည်း ပေးကြရန်အတွက် နိုင်ငံတော်အနေနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းကို ကြိုဆိုပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မှုများအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော ကလေးသူငယ်များကလည်း ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာပြဇာတ်ကိုလည်း ကပြဖျော်ဖြေခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ EU သံအမတ်ကြီးနှင့် Tdh-L မှ တာဝန်ရှိသူများ၊ သင်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ ကလေးသူငယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1
#npw_sep2019

Source: MOSWRR

Sign Up

Upcoming Events