
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ရွာမကျေးရွာ၌ (၂၂-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် အိမ်ထောင်စု (၉) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၈၈,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃၇) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၇၇,၇၀၀/-) ကျပ်တို့အား (၁၈-၉-၂၀၁၉) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#npw_sep2019