လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၉) ရက်နေ့ နံနက် (၀၉းဝဝ) အချိန်မှ (၁၁း၃၀) နာရီအချိန်အထိ ပုဗ္ဗသီရိမြို့နယ်၊ အ ထ က (၁၃) စာသင်ကျောင်းတွင် ငလျင်ဘေး အန္တရာယ် ဆိုင်ရာအသိပညာပေးခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ ကျောင်းသား/သူ (၂၅၀) ဦးတက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဒုခရိုင်ပညာရေးမှူး၊ ဒုမြို့နယ် ပညာရေးမှူး၊ ပုဗ္ဗသီရိအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
#eq_simex
#npw_sep2019