Category Archives: News
-
တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (၂/၂၀၁၉) ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ သင်တန်းသား/သင်တန်းသူ (၅ဝ) ဦးဖြင့် (၁၆-၉-၂၀၁၉) ရက်နေ့မှ (၂၀-၉-၂၀၁၉) ရက်နေ့အထိ သင်တန်း ကာလ (၅) ရက်ကြာဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်အနားကို (၂၀-၉-၂၀၁၉) ရက်နေ့ (၁၅း၃၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (လက်ထောက်ညွှန်ကြားရေးမှူး) မှ သင်တန်းဆင်းအမှာစကား ပြောကြားခြင်း၊ သင်တန်းသား/သင်တန်းသူများမှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ayy_sep2019
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ် ၊ မြိုင်ကလေးနယ်မြေအတွင်းရှိ အမှတ်(၉၁၅)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းသို့သို့ အသက်ကယ်အင်္ကျီအထည် (၅၀)ထည်ကို အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် (၂၀-၉-၂၀၁၉)ရက်နေ့၊ နေ့လည်(၁၄း၀၀)အချိန်တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #otr #krn_sep 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) အချိန်မှ (၁၃း၃၀) နာရီအချိန်အထိ မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်တွင် ရက်ကွက်နေပြည်သူလူထု (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_sep2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) အချိန်မှ (၁၃း၃၀) နာရီအချိန်အထိ မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်တွင် ရက်ကွက်နေပြည်သူလူထု (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_sep2019
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ကျွန်းပင်စင်ကျေးရွာတွင် (၁၈-၉-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် လေဘေးသင့် အိမ်ခြေ (၉) လုံး၊ အိမ်ထောင်စု (၉) စုနှင့် ဓမ္မရုံ (၁) လုံးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၂၀,၀၀၀/-)၊ လူဦးရေ (၃၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၅,၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈၅,၁၀၀/-) ကျပ်တို့အား (၂၀-၉-၂၀၁၉) ရက်နေ့ (၁၄:၀၀) နာရီအချိန် … Read more
-
ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၉) ရက်နေ့၊ (၀၉:၁၅) နာရီအချိန်တွင် ရွှေညောင်မြို့၊ အ.ထ.ကခန်းမတွင် ကျောင်းသား/သူအင်အား (၉၀၀) ဦးကို ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ရာ ငလျင်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ငလျင်အသိပညာ ပေးဗီနိုင်းများပြသခြင်း ကျောင်းသား/သူများအား သဘာဝဘေးအသိပညာဆိုင်ရာ မေးခွန်းများမေးမြန်းပြီး လက်ဆောင်ပစ္စည်းများပေးခြင်းနှင့် ငလျင်ဇာတ်တိုက် လေ့ကျင့်မှုများအား လုပ်ဆောင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #simex_eqk #shn_sep 2019
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာ၊ ဘုရားပြင်သိန်း တန်ကျေးရွာ၊ ကျောက်ရန်ကျေးရွာ၊ ဝရကျွန်းကျေးရွာနှင့် ဘူးသီးတောင်မြို့ မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီးကျောင်းစသည့် စုရပ်စခန်း (၅) ခုတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၇၉) စု၊ လူဦးရေ (၁၉၇၂) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၆၁၆) အိတ်၊ (၆) ပြည်တို့အား (၂၀-၉-၂၀၁၉) ရက်နေ့ တွင် ဘူးသီးတောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ Book Class စာဖတ် အသင်းတို့နှင့်ပူးပေါင်း၍ ဂန့်ဂေါမြို့နယ်၊ ပြစ်မကျေးရွာအခြေံပညာအလယ်တန်းကျောင်း၌ ဆရာ/ဆရာမ၊ ကျေးရွာ သူ/ကျေးရွာသား၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၁၆၀)ဦးတို့အား သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက် သော ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်း များကို … Read more
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ နတ်မောက်ကျေးရွာ၌ (၁၉-၉-၂၀၁၉)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပွ၍ သစ်ပင်လဲကျပြီးနေအိမ်ပိ၍ ပြိုကျပျက်စီးမှုမှ နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀ဝ/-)ကျပ်နှင့် နေအိမ်(၂)လုံး မှဘေးသင့်ပြည်သူစုစုပေါင်း(၉)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၈၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၈၉၀ဝ/-) ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ (၂)ပုံးတို့အား (၂၀-၉-၂၀၁၉)ရက်နေ့၊ နေ့လည် (၁၂:ဝဝ)နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #bgo_sep 2019
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် (၈-၉-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်နေအိမ် (၂) လုံးနှင့် လေဘေးကြောင့် ပြိုကျပျက်စီး နေအိမ် (၂) လုံး၊ နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁၄) ဦးတို့ အတွက် ဆန်ရိက္ခာဖိုးငွေ (၂၉,၄၀၀/-) ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စုစာ၊ အမိုးလန်ဘုန်းကြီးကျောင်း (၁) … Read more









