လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာ၊ ဘုရားပြင်သိန်း တန်ကျေးရွာ၊ ကျောက်ရန်ကျေးရွာ၊ ဝရကျွန်းကျေးရွာနှင့် ဘူးသီးတောင်မြို့ မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီးကျောင်းစသည့် စုရပ်စခန်း (၅) ခုတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၇၉) စု၊ လူဦးရေ (၁၉၇၂) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၆၁၆) အိတ်၊ (၆) ပြည်တို့အား (၂၀-၉-၂၀၁၉) ရက်နေ့ တွင် ဘူးသီးတောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ ဘူးသီးတောင်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#otr
#rke_sep2019