လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ကျွန်းပင်စင်ကျေးရွာတွင် (၁၈-၉-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် လေဘေးသင့် အိမ်ခြေ (၉) လုံး၊ အိမ်ထောင်စု (၉) စုနှင့် ဓမ္မရုံ (၁) လုံးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၂၀,၀၀၀/-)၊ လူဦးရေ (၃၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၅,၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈၅,၁၀၀/-) ကျပ်တို့အား (၂၀-၉-၂၀၁၉) ရက်နေ့ (၁၄:၀၀) နာရီအချိန် တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#mgy_sep2019

Sign Up

Upcoming Events