ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ နတ်မောက်ကျေးရွာ၌ (၁၉-၉-၂၀၁၉)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပွ၍ သစ်ပင်လဲကျပြီးနေအိမ်ပိ၍ ပြိုကျပျက်စီးမှုမှ နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀ဝ/-)ကျပ်နှင့် နေအိမ်(၂)လုံး မှဘေးသင့်ပြည်သူစုစုပေါင်း(၉)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၈၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၈၉၀ဝ/-) ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ (၂)ပုံးတို့အား (၂၀-၉-၂၀၁၉)ရက်နေ့၊ နေ့လည် (၁၂:ဝဝ)နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fld

#bgo_sep 2019

Sign Up

Upcoming Events