ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် (၈-၉-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်နေအိမ် (၂) လုံးနှင့် လေဘေးကြောင့် ပြိုကျပျက်စီး နေအိမ် (၂) လုံး၊ နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁၄) ဦးတို့ အတွက် ဆန်ရိက္ခာဖိုးငွေ (၂၉,၄၀၀/-) ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စုစာ၊ အမိုးလန်ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၄၀,၀၀၀/-) ကျပ်တို့အား (၂၀-၉-၂၀၁၉) ရက်နေ့၊ (၁၂းဝဝ) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#ha_sgw
#ayyy_sep2019

Sign Up

Upcoming Events