လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၉) ရက်နေ့၊ (၀၉:၁၅) နာရီအချိန်တွင် ရွှေညောင်မြို့၊ အ.ထ.ကခန်းမတွင် ကျောင်းသား/သူအင်အား (၉၀၀) ဦးကို ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ရာ ငလျင်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ငလျင်အသိပညာ ပေးဗီနိုင်းများပြသခြင်း ကျောင်းသား/သူများအား သဘာဝဘေးအသိပညာဆိုင်ရာ မေးခွန်းများမေးမြန်းပြီး လက်ဆောင်ပစ္စည်းများပေးခြင်းနှင့် ငလျင်ဇာတ်တိုက် လေ့ကျင့်မှုများအား လုပ်ဆောင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Sourceး ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#simex_eqk
#shn_sep 2019