သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ Book Class စာဖတ် အသင်းတို့နှင့်ပူးပေါင်း၍ ဂန့်ဂေါမြို့နယ်၊ ပြစ်မကျေးရွာအခြေံပညာအလယ်တန်းကျောင်း၌ ဆရာ/ဆရာမ၊ ကျေးရွာ သူ/ကျေးရွာသား၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၁၆၀)ဦးတို့အား သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက် သော ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#mgy_sep2019

Sign Up

Upcoming Events