Category Archives: News
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း =
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ရွှေကံသာရပ်၊ ကျွဲတဲကျေးရွာ အုပ်စု၊ အောင်သပြေကျေးရွာနှင့် မြို့ခင်းသာ ကျေးရွာအုပ်စု၊ မှိုက်ပင်ကုန်းကျေးရွာ တို့တွင် (၂၄-၉-၂၀၁၉) ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေ တိုက်စားမှုကြောင့် ပြောင်းရွှေ့အိမ်ခြေ (၁)လုံးနှင့် ပြိုကျပျက်စီး အိမ်ခြေ(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး အိမ်ထောင်စု(၂)စုစာ၊ အိမ်သုံးပစ္စည်းများ မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ် ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု(၃)စု … Read more
-
ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာ မြို့နယ်၊ အုတ်ပုံကျေးရွာအုပ်စု၊ အုပ်ပုံကျေးရွာတွင် ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့်တကွ (၂၆-၉-၂၀၁၉)ရက်နေ့၊ (၀၉:၀၀) အချိန်ခန့်က ပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူ လူထုအင်အား (၃၀၀) ဦးခန့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် ရှင်းလင်းဆောင်ခန်းမ၌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူက မုန်းချောင်းရေလှောင်တမံတွင် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အဆင့်(၁)တွင် စိုးရိမ်ဖွယ်ရာမရှိ၍ မြင်သာသောနေရာများတွင် အစိမ်းရောင်အလံကိုလွင့်ထူထားပေးခြင်း ရေကြီးမှုဖြစ်ပေါ်လာနိုင်ပါက အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အဆင့်(၂)အဖြစ် … Read more
-
မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ မြို့ပတ်လမ်း၊ အိမ်အမှတ်(၅၁၇)နေ ဒေါ်ရီရီဝင်း၏ နေအိမ်၌ ဘုရားဆီမီးပူဇော်စဉ် ဖယောင်းတိုင်လဲကျသွားရာမှတဆင့် (၂၃-၉-၂၀၁၉)ရက်နေ့(၁၁:၃၅)အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၃)စုမှ လူဦးရေ(၉)ဦး မီးဘေးသင့်ခဲ့သဖြင့် ထိုမီးဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃)အိမ်ထောင်စုစာ၊ ကလေးကျောင်းဝတ်စုံ(ကျား+မ) (၂)စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၄,၀၀,၀၀ဝိ/-)၊ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၁၈၉၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၄၁၈,၉၀ဝိ/-)အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၂၅-၉-၂၀၁၉)ရက်နေ့တွင် သွားရောက်၍ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၉-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀)မှ (၁၂:၀၀)ထိ တာချီလိတ်မြို့၊ အမှတ် (၃၅၉) ခြေမြန်တပ်ရင်း၊ တပ်နယ်ခန်းမ၌ စစ်ဗျူဟာ အဖွဲ့(အခြေချ)နှင့်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ရှိအရာရှိ/ စစ်သည်မိသားစုများအား သဘာ၀ ဘေးအသိပညာပေးခြင်းနှင့် သဘာဝဘေးစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းများပြုလုပ်ဆောင် ရွက်ခဲ့ရာ ဆွေးနွေးပွဲတွင်ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ် သောဘေးအန္တရာယ်များနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ် မဖြစ်ပွါးမီ၊ ဖြစ်ပွါး နေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ် နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ (၂၁.၉.၂၀၁၉)ရက်နေ့တွင် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွကျေးရွာအုပ်စု၊ တာကောက်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ်(၁)လုံး အတွက်အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံး၊ ပြိုလဲနေအိမ်ရှိလူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၆၃၀ဝိ/-)၊ အမိုးလန်နေအိမ်ရှိ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၄၇၀ဝိ/-)၊ စုစုပေါင်း(၁၂၁၀၀ဝိ/-) အား(၂၆.၉.၂၀၁၉)ရက်နေ့(၁၀း၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_sep2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကြိုတင်ဖျက်သိမ်း အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ (၂၃-၉-၂၀၁၉) ရက်နေ့ ချောက်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ပတ္တမြားရပ်၌ မြေကမ်းပါးပြိုကျနိုင်သဖြင့် ကြိုတင်ဖျက်သိမ်းရသော နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-) နှင့် လူဦးရေ(၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၆၃၀ဝိ/-)၊ ရန်ပုံငွေစုစုပေါင်း (၁၀၆၃၀ဝိ/-) ကို (၂၅-၉-၂၀၁၉) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရှေ့မှောက်တွင် ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_sep2019 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုနယ်မြေတွင် မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒဆိုင်ရာ ရှင်းလင်းခြင်းကိုပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်မှုသတင်း
စက်တင်ဘာ၊၂၅နေပြည်တော် နေပြည်တော်လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသော ပြည်ထောင်စုနယ်မြေအတွင်းရှိ လူငယ်များ၏ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပိုမိုကျယ်ပြန့် အားကောင်းစွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒ ရှင်းလင်းခြင်းကို ပျဉ်းမနားမြို့၊ သုခစိုးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံများတွင်လူငယ်များနှင့်ပတ်သက်၍ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်မူဝါဒများ အသီးသီးရှိကြကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းမှာ လူငယ် များ၏ကဏ္ဍကို အလေးထားပါကြောင်း၊ ထို့အတွက်မိမိတို့နိုင်ငံ၌ လူငယ်ရေးရာမူဝါဒတစ်ရပ် ပေါ်ပေါက်ရေး အစိုးရ သစ်၏ရက် (၁၀၀) စီမံချက်တွင် ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း၊ … Read more
-
သဘာဝဘေးတုံ့ပြန်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
စက်တင်ဘာ၂၅၊နေပြည်တော် သဘာဝဘေးတုံ့ပြန်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအကြား ပိုမိုချိတ်ဆက်ညှိနှိုင်းဆောင်ရွက်နိုင်ရန်တို့အတွက် သဘာဝဘေးတုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအားလုံး ခံစားနေကြရပါကြောင်း၊ သဘာဝဘေး အန္တရာယ်တုံ့ပြန်ရေးအပါအဝင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ အကြားကဏ္ဍအလိုက် ဆောင်ရွက်ချက်များတွင် အချိတ်အဆက်မိမိနှင့် … Read more
-
မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)မှ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်၊ မြို့မလမ်း၊ အိမ်အမှတ် (၆၄၉) ပိုင်ရှင် ဒေါ်သန်းရီ၏ နေအိမ် ထင်းမီးပေါ့ဆ၍ (၂၃-၉-၂၀၁၉)ရက်နေ့(၁၁:၃၅)အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၃)လုံး မီးလောင်ပျက်စီးခဲ့၍ အိမ်ထောင်စု(၁၀)စုမှ လူဦးရေ(၃၂)ဦး မီးဘေးသင့်ခဲ့ပြီး၊ လူ(၁)ဦးသေဆုံးခဲ့ရာ မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁၀)အိမ်ထောင်စုစာ၊ ကလေးကျောင်းဝတ်စုံ(မ)(၃)စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၆,၀၀,၀၀ဝိ/-)၊ လူဦးရေ(၃၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၆၇၂၀ဝိ/-)နှင့် သေဆုံးသူ(၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေကျပ်(၃,၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၉,၆၇,၂၀ဝိ/-)တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေသင့်ပြည်သူများထံသို့ (၂၅-၉-၂၀၁၉)ရက်နေ့တွင်သွားရောက်၍ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ (၂၅-၉-၂၀၁၉)ရက်နေ့ (၁၃:၀၀)နာရီမှ (၁၄:ဝဝ)နာရီအထိ မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်တွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲအား ရပ်ကွက်နေပြည်သူ(၁၂၀)ဦးကို ဆွေးနွေးပို့ချပေးခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သိရှိရပါသည်။ #ar #mon_sep2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









