မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

 

25_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)မှ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်၊ မြို့မလမ်း၊ အိမ်အမှတ် (၆၄၉) ပိုင်ရှင် ဒေါ်သန်းရီ၏ နေအိမ် ထင်းမီးပေါ့ဆ၍ (၂၃-၉-၂၀၁၉)ရက်နေ့(၁၁:၃၅)အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၃)လုံး မီးလောင်ပျက်စီးခဲ့၍ အိမ်ထောင်စု(၁၀)စုမှ လူဦးရေ(၃၂)ဦး မီးဘေးသင့်ခဲ့ပြီး၊ လူ(၁)ဦးသေဆုံးခဲ့ရာ မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁၀)အိမ်ထောင်စုစာ၊ ကလေးကျောင်းဝတ်စုံ(မ)(၃)စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၆,၀၀,၀၀ဝိ/-)၊ လူဦးရေ(၃၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၆၇၂၀ဝိ/-)နှင့် သေဆုံးသူ(၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေကျပ်(၃,၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၉,၆၇,၂၀ဝိ/-)တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေသင့်ပြည်သူများထံသို့ (၂၅-၉-၂၀၁၉)ရက်နေ့တွင်သွားရောက်၍ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#ygn_sep2019

Source:         ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events