ပြည်ထောင်စုနယ်မြေတွင် မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒဆိုင်ရာ ရှင်းလင်းခြင်းကိုပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်မှုသတင်း

စက်တင်ဘာ၊၂၅နေပြည်တော်
နေပြည်တော်လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသော ပြည်ထောင်စုနယ်မြေအတွင်းရှိ လူငယ်များ၏ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပိုမိုကျယ်ပြန့် အားကောင်းစွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒ ရှင်းလင်းခြင်းကို ပျဉ်းမနားမြို့၊ သုခစိုးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံများတွင်လူငယ်များနှင့်ပတ်သက်၍ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်မူဝါဒများ အသီးသီးရှိကြကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းမှာ လူငယ် များ၏ကဏ္ဍကို အလေးထားပါကြောင်း၊ ထို့အတွက်မိမိတို့နိုင်ငံ၌ လူငယ်ရေးရာမူဝါဒတစ်ရပ် ပေါ်ပေါက်ရေး အစိုးရ သစ်၏ရက် (၁၀၀) စီမံချက်တွင် ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒကိုနိုင်ငံတစ်ဝန်းရှိ လူငယ်များ၏အသံကိုကိုယ်စားပြုသော ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များက ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရဌာနဆိုင်ရာများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများကပူးပေါင်း၍ အတွေ့အကြုံများ၊ ဆွေးနွေးအကြံပြုချက်များ၊ ပံ့ပိုးကူညီမှုများပေးခဲ့ပြီး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် မြန်မာနိုင်ငံ၏ လူငယ်ရေးရာမူဝါဒကိုပြဋ္ဌာန်းခဲ့ပါကြောင်း၊ လူငယ်ရေးရာကော်မတီကို နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ ဖွဲ့စည်းထားပြီးခရိုင်၊မြို့နယ်များ အလိုက်ကော်မတီအဆင့်အဆင့် ကိုလည်း ထပ်ဆင့်ဖွဲ့စည်းလျက်ရှိပါကြောင်း၊ မူဝါဒပါကဏ္ဍ(၁၆)ရပ်ကို အကောင်အထည်ဖော်နိုင်ရန် မဟာဗျူဟာ များလည်း ရေးဆွဲထားပြီးဖြစ်ကြောင်း၊ လူငယ်ရေးရာကော်မတီဝင်များက ဒေသအလိုက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ရွေးချယ်ပြီးမြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် ကိုက်ညီသည့် စီမံချက်များ ရေးဆွဲဆောင်ရွက်နိုင်ရန်လို အပ်ပါကြောင်း၊ လူငယ်များကလုပ်ငန်းစီမံချက်များကို စနစ်တကျရေးဆွဲနိုင်ပါက အာဆီယံဒေသတွင်း မိတ်ဆွေနိုင်ငံများ၊ နိုင်ငံတကာမိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း အခွင့်အလမ်းများ ရှိကြောင်း၊ လူငယ်ထုသည်မြန်မာနိုင်ငံ လူဦးရေ၏သုံးပုံတစ်ပုံကျော်ရှိသည်ကို သိရှိရပါကြောင်း၊ယင်းလူငယ်များသည် အနာဂတ် နိုင်ငံ၏အင်အားဖြစ်ပါကြောင်း၊ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကိုပုခုံးပြောင်း တာဝန်ယူကြရမည်ဖြစ်ရာ အရည်အသွေးပြည့်ဝသူများဖြစ်ရန် ကိုယ်တိုင်လေ့ကျင့်ရမည်ဖြစ်ကြောင်း၊ ယေဘုယျအားဖြင့်အသက် (၁၅) နှစ်မှ (၃၅) နှစ် အထိ လူငယ်ဟုသတ်မှတ်ထားသည့် အချိန်အကန့်အသတ်အတွင်း အကောင်းဆုံးအခြေအနေများဖြစ်အောင် အချိန်ကို အကျိုးရှိစွာအသုံးချကြရန် တိုက်တွန်းပါကြောင်း၊ သို့မှသာနောင်လာမည့် မျိုးဆက်သစ်လူငယ်များ အတွက်ကောင်းသော အမွေများချန်ထားနိုင်မှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့်တန်ဖိုးရှိသော အချိန်များကို မလိုလားအပ်သောကိစ္စများကြောင့် နစ်နာဆုံးရှုံးမှုမရှိကြစေရန် ဥပဒေဘောင်အတွင်းစည်းလုံးစွာ နေထိုင်ကြရန်လည်းတိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ပါ သည်။ ထို့နောက် နေပြည်တော်လူငယ်ရေးရာ ကော်မတီဥက္ကဌ၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ပြည်ထောင်စုနယ်မြေအတွင်း မြို့နယ်(၄)မြို့နယ်၌ မြို့နယ်အဆင့် လူငယ်ရေးရာကော်မတီများ ထပ်ဆင့်ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊လူငယ်များ၏ရပ်တည်မှု၊ဖွံ့ဖြိုးတိုးတက်မှုအတွက်လူငယ်ရေးရာမူဝါဒကိုပြဋ္ဌာန်းပြီးလမ်းဖွင့်ပေးထားခြင်းဖြစ်ရာအကောင်အထည်ဖော်ရာ၌ အားလုံးတက်ကြွစွာပါဝင်နိုင်ရေးကိစ္စများကို အကြံပြုဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီးပညာပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းမှကျောင်းသား၊ကျောင်းသူလေးများကတေးသီချင်းဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အတူ အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူငယ်ရေးရာကော်မတီဝင်များ၊ တက်ရောက်လာကြသော လူငယ်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများက စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

Source: MOSWRR

#hl1
#npw_sep2019

Sign Up

Upcoming Events