Category Archives: News
-
ကိုရီးယားသမ္မတနိုင်ငံသို့ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌနှင့် ကျား/မ တန်းတူညီမျှရေးနှင့် မိသားစုဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးတို့ကို သီးခြားစီတွေ့ဆုံ
ကိုရီးယားသမ္မတနိုင်ငံသို့ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌနှင့် ကျား/မ တန်းတူညီမျှရေးနှင့် မိသားစု ဆိုင်ရာဝန်ကြီးဌာနဝန်ကြီးတို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပါသည်။ ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ Ms. Young . Ae Choi နှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုနှင့် အစိုးရသစ်၏ရည်မှန်းချက်များ၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံက ဆောင်ရွက်ချက်များ၊ သက်ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းများဖြစ်သည့် CRC ၊ CEDAW ၊ CRPD နှင့် ICESCR တို့ကို လက်မှတ်ရေးထိုး၍ အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများ၊ Optional Protocol to … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဗြိတိန်နိုင်ငံ၊ Parliamentary Under- Secretary of State for International Development ဖြစ်သူ H. E Ms. Baroness Sugg CBE က လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ အောက်တိုဘာ ၂ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဗြိတိန်နိုင်ငံ၊ Parliamentary Under- Secretary of State for International Development ဖြစ်သူ H. E Ms. Baroness Sugg CBE က လာရောက်တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် UK Aidမှ မြန်မာနိုင်ငံတွင် အထောက် အပံ့ပေးလျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စီမံကိန်းများ၊ ၎င်းအနက်မှ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းမှမွေးဖွားသောကလေးအသက်(၂)နှစ်အထိ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ချောက်မြို့နယ်၊ အုံမြားကြီးရွာသစ်၌ (၃၀-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ ငွေ(၁၀၀၀၀/-)၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၀၅၀၀/-)နှင့် ကယ်ဆယ်ပစ္စည်း (၁၆)မျိုးတို့ကို (၂-၁၀-၂၀၁၉)ရက်နေ့တွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် ပူးပေါင်း၍ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #mgy_ oct 2019
-
School Cum Shelter တည်ဆောက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ ကွင်းဘောက် ကျေးရွာ၌ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဖြင့်တည်ဆောက်လျှက်ရှိသော School Cum Shelter တည်ဆောက်ခြင်း (၅၀%)တည်ဆောက်ပြီးစီးမှုအခြေအနေကို လပွတ္တာမြို့နယ် မြို့နယ်လုပ်ငန်းကြီးကြပ်ရေး အဖွဲ့ဝင်များနှင့်အတူ (၂-၁၀-၂၀၁၉)ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_oct2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
အာဆီယံအပေါင်း(၃)အစည်းအဝေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre) ၏ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေးများ ကျင်းပပြုလုပ်မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် (၃၅) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးအား ဒုတိယမြောက်နေ့အဖြစ် ယနေ့နံနက် (၉:၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ရာ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ACDM)၏ အလှည့်ကျဥက္ကဋ္ဌအဖြစ်၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်ကလည်းကောင်း၊ ပူးတွဲဥက္ကဋ္ဌဖြစ်သူ Mr. Kistoffer James E. Purisima, Assistant Secretary/ Deputy Administrator for Administration, Philippines တို့ကလည်းကောင်း ဆောင်ရွက်ခဲ့ကြပါသည်။ အစည်းအဝေးနံနက်ပိုင်းတွင် … Read more
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဉီးစီးမှူးရုံးနှင့် ဘူးသီးတောင်မြို့နယ်ဉီးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီး ကျောင်းသို့ ယာယီခိုလှုံနေထိုင်ရန် ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၄၅)စု၊ လူဦးရေ (၁၇၉)ဦးအတွက် ဆန်ရိက္ခာ (၁၄)ရက်စာ၊ ဆန် (၂၆)အိတ်၊ (၂)ပြည်၊ (၄) ဘူးတို့ကို ဘူးသီးတောင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၂-၁၀-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_oct2019 Source: ရခိုင်ပြည်နယ်ဉီးစီးမှူးရုံး (ဘစမ)
-
ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ အိမ်ခြေ အိမ်ထောင်စု(၁၁)စု၊ လူဦးရေ (၃၁)ဦးအတွက် အောက်တိုဘာလ(၁)လစာ ဆန်၊ ဆီ၊ ဆား၊ ပဲများအား (၂-၁၀-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_oct2019 Source: ရခိုင်ပြည်နယ်ဉီးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၂၀၁၉ခုနှစ်၊ သြဂုတ်လအတွင်း မွန်ပြည်နယ်၊ သထုံခရိုင် အတွင်း ရေကြီးရေလျှံမှုများကြောင့် ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းခဲ့ရသည့် ပေါင်မြို့နယ်မှ ရေဘေးရှောင် ကျောင်းသား(၁၀၄)ဦးနှင့် ကျောင်းသူ(၉၅)ဦးတို့အတွက် ကလေးကျောင်းဝတ်စုံ စုစုပေါင်း(၁၉၉)ထည်ကို လည်းကောင်း၊ သထုံမြို့နယ်မှ ရေဘေးရှောင်ကျောင်းသား(၂၄)ဦးနှင့် ကျောင်းသူ(၃၀)ဦးတို့အတွက် ကလေးကျောင်းဝတ်စုံ စုစုပေါင်း(၅၄)ထည်ကိုလည်းကောင်း၊ ဘီးလင်းမြို့နယ်မှ ရေဘေးရှောင်ကျောင်းသား (၆၀၉)ဦးနှင့် ကျောင်းသူ(၅၆၅)ဦးတို့အတွက် ကလေးကျောင်းဝတ်စုံစုစုပေါင်း(၁၁၇၄)ထည်ကိုလည်းကောင်း (၃၀-၉-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_oct2019 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာတွင် (၂၈-၉-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-)၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)၊ စုစုပေါင်း ရန်ပုံငွေ (၅၈၄၀၀/-) အား (၂-၁၀-၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_ oct … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာမှ လက်နက်ကြီး ကျည်စထိမှန်၍ စစ်တွေပြည်သူ့ဆေးရုံသို့ ဆေးကုသခံယူရန် ရောက်ရှိလာသည့် ဒဏ်ရာရ ဘုန်းကြီး (၁) ပါး၊ ကိုရင် (၁) ပါးနှင့် အရပ်သား ဦးသာထွန်းတို့အတွက် တစ်ဦးလျှင် ဒဏ်ရာရ ထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၅၀,၀၀၀/-)ကျပ်တို့ကို (၁.၁၀.၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_oct2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









