မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ချောက်မြို့နယ်၊ အုံမြားကြီးရွာသစ်၌ (၃၀-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့်  ဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ ငွေ(၁၀၀၀၀/-)၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၀၅၀၀/-)နှင့် ကယ်ဆယ်ပစ္စည်း (၁၆)မျိုးတို့ကို (၂-၁၀-၂၀၁၉)ရက်နေ့တွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် ပူးပေါင်း၍ သွားရောက်ထောက်ပံ့ပေးခဲ့ပါ‌ကြောင်း  သတင်းရရှိပါသည်။

Sourceး ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#mgy_ oct 2019

Sign Up

Upcoming Events