လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဗြိတိန်နိုင်ငံ၊ Parliamentary Under- Secretary of State for International Development ဖြစ်သူ H. E Ms. Baroness Sugg CBE က လာရောက်တွေ့ဆုံမှုသတင်း

3_Pic_01

နေပြည်တော်၊ အောက်တိုဘာ ၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဗြိတိန်နိုင်ငံ၊ Parliamentary Under- Secretary of State for International Development ဖြစ်သူ H. E Ms. Baroness Sugg CBE က လာရောက်တွေ့ဆုံပါသည်။

တွေ့ဆုံရာတွင် UK Aidမှ မြန်မာနိုင်ငံတွင် အထောက် အပံ့ပေးလျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စီမံကိန်းများ၊ ၎င်းအနက်မှ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းမှမွေးဖွားသောကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့မှုအစီအစဉ် အကောင် အထည်ဖေါ်အောင်မြင်မှု၊ မသန်စွမ်းသူများ၏ အခွင့်အရေးတိုးမြှင့်ရရှိရေးဆိုင်ရာပူူးပေါင်း ဆောင်ရွက်ချက်များ၊ ကျား/မအခြေပြုအကြမ်းဖက် မှုကာကွယ်ရေး စီမံကိန်းလုပ်ငန်းဆိုင်ရာကိစ္စများ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် အမျိုးသမီးအခွင့်အရေးနှင့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို အတည်ပြုပြီးသည့် အခြေအနေ နှင့် ပြည်နယ်/တိုင်းဒေသကြီးအလိုက် သီးခြားစီမံချက်များရေးဆွဲရေးကိစ္စ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ် ဆောင်ရွက်ရေးတွင်ပါရှိသည့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် မောင်တောဒေသတွင် အကူအညီပေးနိုင်ရေး ကိစ္စရပ်များနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

#hl2_otr

#npw_oct2019

 Source:  MSWRR

Sign Up

Upcoming Events