လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာမှ လက်နက်ကြီး ကျည်စထိမှန်၍ စစ်တွေပြည်သူ့ဆေးရုံသို့ ဆေးကုသခံယူရန် ရောက်ရှိလာသည့် ဒဏ်ရာရ ဘုန်းကြီး (၁) ပါး၊ ကိုရင် (၁) ပါးနှင့် အရပ်သား ဦးသာထွန်းတို့အတွက် တစ်ဦးလျှင် ဒဏ်ရာရ ထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၅၀,၀၀၀/-)ကျပ်တို့ကို (၁.၁၀.၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#rke_oct2019
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)