ကိုရီးယားသမ္မတနိုင်ငံသို့ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌနှင့် ကျား/မ တန်းတူညီမျှရေးနှင့် မိသားစု ဆိုင်ရာဝန်ကြီးဌာနဝန်ကြီးတို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပါသည်။
ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ Ms. Young . Ae Choi နှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုနှင့် အစိုးရသစ်၏ရည်မှန်းချက်များ၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံက ဆောင်ရွက်ချက်များ၊ သက်ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းများဖြစ်သည့် CRC ၊ CEDAW ၊ CRPD နှင့် ICESCR တို့ကို လက်မှတ်ရေးထိုး၍ အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများ၊ Optional Protocol to the CRC on the Involvement of Children in Armed Conflict (OPAC)အား (၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် လက်မှတ်ထိုးခဲ့မှုများ၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှပေးပို့လာသော ပြည်သူများ၏နစ်နာမှုများ၊ တိုင်ကြားစာများ နှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို အရေးယူဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ကော်မရှင်က လူငယ်သင်တန်းကျောင်းများ၊ ဌာနများနှင့်ပတ်သက်၍ အကြံပြုချက်များပေးပို့ လာမှုအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများ၊ ကိုရီးယားသမ္မတနိုင်ငံသမ္မတကြီးနှင့် ဇနီးတို့၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ကိုရီးယား – မြန်မာနှစ်နိုင်ငံအနေဖြင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာနိုင်မည့် အခြေအနေများ၊ ကိုရီးယားအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ နိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ကိုရီးယားသမ္မတနိုင်ငံ၏ ” New Southern Policy” နှင့်အညီ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် ဆက်လက်တိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ကျား/မတန်းတူညီမျှရေးနှင့် မိသားစုဆိုင်ရာဝန်ကြီးဌာနဝန်ကြီး Ms. Lee Jung Ok နှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီပြောင်းလဲမှုနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် အမျိုးသမီးများပိုမိုပါဝင်နိုင်ရေး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံအစည်းအဝေးများတွင် ကျားမတန်းတူညီမျှရေးနှင့် အမျိုးသမီးများ ပါဝင်မှုနှင့်ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်ခဲ့မှုများ၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ထောင်နိုင်ရေး အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီအား သက်ဆိုင်ရာဝန်ကြီးဌာနများသာမက အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများပါ ပါဝင်၍ ပြောင်းလဲဖွဲ့စည်းထားမှု၊ ကျား/မအခြေပြု အကြမ်းဖက်ခြင်း ကာကွယ်တားဆီး တုံ့ပြန်ရေးဆောင်ရွက်နေမှုများ၊ ကျား/မ အခြေပြု အကြမ်းဖက်မှုခံရသူများအနေဖြင့် တရားမျှတမှုရရှိရေး၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးနေမှုများ၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများဖွင့်လှစ်၍ သင်ကြား ပေးနေမှုများ၊ ပဋိပက္ခအတွင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ် ရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ် Ms. Pramila Patten နှင့် Joint Communique အား လက်မှတ်ရေးထိုးခဲ့ပြီးနောက် အကောင်အထည်ဖေါ် ဆောင်ရွက်ရန် လုပ်ငန်းစီမံချက်ရေးဆွဲနေမှုများ၊ အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက် နေမှုများ၊ လူငယ်များ၏ အခန်းကဏ္ဍနှင့် လူငယ်မူဝါဒ ရေးဆွဲဆောင်ရွက်ခဲ့မှုများ၊ ကလေးသူငယ်များ၏ အခွင့်အရေးအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ(၂၀၁၉) ပြဌာန်းဆောင်ရွက်ခဲ့မှုများ ဆယ်ကျော်သက်ကလေးငယ်များဆိုင်ရာကိစ္စ၊ ကိုရီးယားသမ္မတနိုင်ငံ ကျား/မတန်းတူညီမျှရေးနှင့် မိသားစု အရေးဆိုင်ရာ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_0ct2019
အောက်တိုဘာ ၂၊ နေပြည်တော်