Category Archives: News
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချောက်မြို့နယ်၊ ပြည့်ပင်ကျေးရွာအုပ်စု၊ ပြည့်ပင်ကျေးရွာ၌ (၂၄-၁၀-၂၀၁၉) ရက်နေ့၊ (၁၆:၅၀) အချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် လုံးဝပျက် စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂,၁၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာတို့ကို (၂၅-၁၀-၂၀၁၉) ရက်နေ့တွင် ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်၊ နယ်မြေ(၃)၌ (၂၄-၁၀-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁)စုစာတို့ကို (၂၅-၁၀-၂၀၁၉) ရက်နေ့၊ (၁၄:၂၀)နာရီအချိန်တွင် တပ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_oct2019 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၌ (၂၂-၁၀-၂၀၁၉) ရက်နေ့၊ (၁၂:၂၅) အချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် လုံးဝပျက် စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၄) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၈,၄၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာတို့ကို (၂၄-၁၀-၂၀၁၉) ရက်နေ့တွင် ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ညှိနှိုင်း အစည်းအဝေးကျင်းပမှုသတင်း
၂၄-၁၀-၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အဆိုပါ ဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးနှင့် ဖိတ်ကြားထားသည့် တိုင်းနှင့်ပြည်နယ်များမှ စခန်း/ဂေဟာတာဝန်ခံ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနကို ပြည်သူ့အတွက်လိုအပ်ချက်အရ (၃၀-၁-၂၀၁၈) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး(၁)နှစ်နှင့်(၉)လသာ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၀-၂၀၁၉) ရက်နေ့(၁၃:၃၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးတို့ နှင့်ပူးပေါင်း၍ မော်လမြိုင်ကျွန်းမြို့နယ်၊ ပစ္ဆိမာရုံဘုန်းတော်ကြီးပညာသင်ကျောင်း၌ ကျောင်းသား/ ကျောင်းသူ (၂၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြော ခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ကို ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_oct2019 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ကုလားကျွန်းသောင်ကျေးရွာတွင် (၂၉-၉-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၆) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၂၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂၆၀၀/-) ကျပ်အား (၂၄-၁၀-၂၀၁၉) ရက်နေ့၊ (၁၃:၃၀) နာရီ အချိန်တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၁၀-၂၀၁၉) ရက်နေ့ ၌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းကျးရွာအုပ်စု၊ မကျီးစု ကျေးရွာအုပ်စု၊ တာပွန်မြို့မြောက်ပိုင်းရပ်ကွက်နှင့် ဇီးပင်ကွေ့ကျေးရွာတို့တွင်ဖြစ်ပွားခဲ့သောလေဘေး မှလေဘေးသင့်ပြိုလဲနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀၀/-) ကျပ်၊ ပြိုလဲနေအိမ် (၄) လုံးနှင့် အမိုးလန်နေအိမ် (၁၀) လုံးတို့ရှိလူဦးရေ (၆၂) ဦးတို့အတွက် ဆန်ရိက္ခာ (၇) စာဖိုးထောက်ပံ့ငွေ (၁၃၀၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၃၀၂၀၀/-) ကျပ် နှင့်ပြိုလဲနေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း … Read more
-
မီးဘေးနှင့်လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောက်တိုဘာလ (၅) ရက်၊ (၁၇) ရက်နှင့် (၂၁) ရက်နေ့များ၌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက် မြို့နယ်၊ ရှားပင်ထကျေးရွာအုပ်စု၊ ရှားပင်ထကျေးရွာနှင့် ရပ်ကွက် (၂) ရပ်ကွက်တို့တွင် ဖြစ်ပွား ခဲ့သော မီးဘေးနှင့်လေဘေးတို့မှ မီးဘေးသင့်ပျက်စီးနေအိမ် (၁) လုံး၊ လေဘေးသင့်ပြိုလဲနေအိမ် (၂) လုံးတို့အတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-) ကျပ်၊ စုစုပေါင်း ပြိုလဲပျက်စီး နေအိမ် (၃) လုံးနှင့် လေဘေးသင့်အမိုးလန်နေအိမ် (၁၃) လုံးတို့ရှိလူဦးရေ … Read more
-
မိုးကြိုးဘေးသင့်ပြည်သူအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နတ်မောက်မြို့နယ်၊ သစ်လှကျင်းကျေးရွာအုပ်စု၊ သစ်လှကျင်းကေျးရွာ၌ (၂၁-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် ဘေးသင့် သေဆုံးသူ (၁)ဦး၏ မိသားစုဝင်များထံသို့ သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်ကို (၂၄-၁၀-၂၀၁၉) ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #mgy_oct2019 Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၀-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ် ကျုံတာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေးတို့နှင့်စပ်လျဉ်း၍ အသိပညာပေး ဗီဒီယိုများပြသခဲ့ပြီး ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၄၅၀)ဦးတက်ရောက်ခဲ့ကာ တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_oct2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)









