လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချောက်မြို့နယ်၊ ပြည့်ပင်ကျေးရွာအုပ်စု၊ ပြည့်ပင်ကျေးရွာ၌ (၂၄-၁၀-၂၀၁၉) ရက်နေ့၊ (၁၆:၅၀) အချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် လုံးဝပျက် စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂,၁၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာတို့ကို (၂၅-၁၀-၂၀၁၉) ရက်နေ့တွင် ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_oct2019
Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)