လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ညှိနှိုင်း အစည်းအဝေးကျင်းပမှုသတင်း

25_Pic_01

၂၄-၁၀-၂၀၁၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အဆိုပါ ဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးနှင့် ဖိတ်ကြားထားသည့် တိုင်းနှင့်ပြည်နယ်များမှ စခန်း/ဂေဟာတာဝန်ခံ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနကို ပြည်သူ့အတွက်လိုအပ်ချက်အရ (၃၀-၁-၂၀၁၈) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး(၁)နှစ်နှင့်(၉)လသာ ရှိသေးကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များသည် များပြားသော်လည်း ဝန်ထမ်းအင်အား အနည်းငယ် ဖြင့်သာဆောင်ရွက်လျက်ရှိပြီး အစိုးရမှ ဖွဲ့စည်းပုံတိုးချဲ့၍ ဝန်ထမ်းအင်အား (၃၈၈၁) ဦးအထိ (၅)နှစ်စီမံကိန်းဖြင့် ခန့်အပ်သွားရန် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန် (၁၀) ရပ်ကို ချမှတ်ထားပြီး အဆိုပါလုပ်ငန်းများတွင် ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ဘေးဒဏ်ခံပြည်သူများ၊ အမျိုးသမီးများ၊ ရွှေ့ပြောင်းလုပ်သားများ၊ လူကုန်ကူးခံရသူများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ၏ ဘဝရပ်တည်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုရရှိနိုင်ရန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ လူတစ်ဦးချင်းစီ၏ ဘဝရပ်တည်ဖို့၊ ဖွံ့ဖြိုးဖို့အတွက်ကို ပြန်လည်ထူထောင် ပေးရခြင်းဖြစ်ပါကြောင်း၊ လူမှုရေးပဋိပက္ခများကြောင့် အိမ်တွင်းအကြမ်းဖက်မှုများ၊ လူကုန်ကူးခံရသူများ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားရသူများကို ပြန်လည်ထူထောင်ရေး၊ အသိပညာပေး လုပ်ငန်းများ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မိမိတို့၏လုပ်ငန်းတာဝန်များအား ပြည်သူများ ပိုမိုသိရှိလျှင် မိမိတို့လုပ်ငန်းပိုမို အောင်မြင်နိုင်ပါကြောင်း၊ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒ၊ လုပ်ထုံး၊ လုပ်နည်း များနှင့်အညီ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ထမ်းဆောင် ရမည့်တာဝန်၊ လိုက်နာရမည့်စည်းကမ်း၊ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို စောင့်ထိန်းရင်း မိမိတို့ ၏ ဦးတည်ချက်ကို ပြည့်မီရောက်ရှိရန် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းသည် လဲနေသူကို ထူမပေးပြီး ဆက်လက် ရပ်တည်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက် ပေးရမည်ဖြစ်ရာ ဌာနအချင်းချင်း ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ တာဝန်ယူဆောင်ရွက်ရသောလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းစဉ်အကောင်အထည်ဖော်ဆောင်မှု မှန်ကန်ရန်လိုအပ်သကဲ့သို့ လုပ်ငန်း၏ ရလဒ် ကောင်းမွန်ရန် အရေးကြီးပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသော ဝန်ထမ်းများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးပါသည်။

ဆက်လက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြောကြားရာတွင် ဝန်ထမ်းများအား ယခုလိုတွေ့ဆုံချိန်တွင် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ (၁)နှစ် (၉)လတာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ၏ အားနည်းချက်၊ လိုအပ်ချက်၊ ရင်ဆိုင်ကြုံတွေ့ ရသည့် အခက်အခဲများအား တင်ပြပေးစေလိုပါကြောင်း၊ ဌာန စတင် ဖွဲ့စည်းချိန်မှစ၍ ဘတ်ဂျက်အင်အား၊ ဝန်ထမ်းအင်အား နည်းပါးသော်လည်း လုပ်ငန်း များကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးကြသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ တာဝန်ယူထားသည့် လုပ်ငန်းတာဝန်များအား ကျယ်ကျယ်ပြန့်ပြန့်၊ ကျွမ်းကျွမ်းကျင်ကျင် သိရှိနားလည်ထားရန်လိုအပ်ပါကြောင်း၊ မိမိတို့တစ်နေ့တာ လုပ်ငန်းဆောင်ရွက်ချက်များကို မှတ်တမ်းများ စနစ်တကျထားရှိစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဦးစီးဌာနအချင်းချင်းသာမက သက်ဆိုင်ရာ ဝန်ကြီးဌာနအချင်းချင်းနှင့်လည်း ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိသားစုစိတ်ဓါတ်၊ တာဝန်ယူဆောင်ရွက်လိုမှု စိတ်ဓါတ်များဖြင့် ဆောင်ရွက်ကြရန် ပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

#hl1_otr

#npw_oct2019

Source:  MSWRR

Sign Up

Upcoming Events