လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်၊ နယ်မြေ(၃)၌ (၂၄-၁၀-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁)စုစာတို့ကို (၂၅-၁၀-၂၀၁၉) ရက်နေ့၊ (၁၄:၂၀)နာရီအချိန်တွင် တပ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#kcn_oct2019
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)