လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောက်တိုဘာလ (၅) ရက်၊ (၁၇) ရက်နှင့် (၂၁) ရက်နေ့များ၌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက် မြို့နယ်၊ ရှားပင်ထကျေးရွာအုပ်စု၊ ရှားပင်ထကျေးရွာနှင့် ရပ်ကွက် (၂) ရပ်ကွက်တို့တွင် ဖြစ်ပွား ခဲ့သော မီးဘေးနှင့်လေဘေးတို့မှ မီးဘေးသင့်ပျက်စီးနေအိမ် (၁) လုံး၊ လေဘေးသင့်ပြိုလဲနေအိမ် (၂) လုံးတို့အတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-) ကျပ်၊ စုစုပေါင်း ပြိုလဲပျက်စီး နေအိမ် (၃) လုံးနှင့် လေဘေးသင့်အမိုးလန်နေအိမ် (၁၃) လုံးတို့ရှိလူဦးရေ (၅၇) ဦးတို့အတွက် ဆန်ရိက္ခာ (၇) စာဖိုးထောက်ပံ့ငွေ (၁၁၉၇၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၁၉၇၀ဝ) ကျပ်နှင့် လေဘေးသင့်ပြိုလဲနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၂) အိမ်ထောင်စာ၊ မီးဘေးသင့်ပျက်စီးနေအိမ် (၁) လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုးပါ (၁)အိမ်ထောင်စာ တို့အား(၂၃-၁၀-၂၀၁၉) ရက်နေ့ (၁၃:၃၀) အချိန်တွင် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကြို့ပင်ကောက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်အတူ ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#ha_sgw
#bgo_otc2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)