လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၀-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ် ကျုံတာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေးတို့နှင့်စပ်လျဉ်း၍ အသိပညာပေး ဗီဒီယိုများပြသခဲ့ပြီး ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၄၅၀)ဦးတက်ရောက်ခဲ့ကာ တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_oct2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)