လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၁၀-၂၀၁၉) ရက်နေ့ ၌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းကျးရွာအုပ်စု၊ မကျီးစု ကျေးရွာအုပ်စု၊ တာပွန်မြို့မြောက်ပိုင်းရပ်ကွက်နှင့် ဇီးပင်ကွေ့ကျေးရွာတို့တွင်ဖြစ်ပွားခဲ့သောလေဘေး မှလေဘေးသင့်ပြိုလဲနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀၀/-) ကျပ်၊ ပြိုလဲနေအိမ် (၄) လုံးနှင့် အမိုးလန်နေအိမ် (၁၀) လုံးတို့ရှိလူဦးရေ (၆၂) ဦးတို့အတွက် ဆန်ရိက္ခာ (၇) စာဖိုးထောက်ပံ့ငွေ (၁၃၀၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၃၀၂၀၀/-) ကျပ် နှင့်ပြိုလဲနေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၄) အိမ်ထောင်စာတို့အား (၂၃-၁၀-၂၀၁၉) ရက်နေ့ (၁၄:၃၀) အချိန်တွင် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ နတ်တလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့် ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_oct2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)