Category Archives: News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ UN အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ
ရခိုင်ပြည်နယ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ UN အဖွဲ့အစည်းများမှတာဝန်ရှိသူ များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရိပ်သာ အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဦးညီပု၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီအဖွဲ့ဝင် ဦးတိုးအောင်၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်လျက်ရှိရာ အစိုးရ၏ ဆောင်ရွက်မှုများ သည် ရခိုင်ပြည်နယ်တစ်ခုလုံးအတွက်ဖြစ်ကြောင်း၊ … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွက်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောက်တိုဘာလ (၂၇)ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာအုပ်စု၊ မော်ဟန်ကျေးရွာနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းနှင့် ကာသိုလိလ်ဘုရားရှိခိုးကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၇၇)စု လူဦးရေ (၃၀၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၇၇)စုစာနှင့် လူဦးရေ (၃၀၃)ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာ တန်ဘိုး (၆၃၆၃၀ဝိ/-) စုစုပေါင်း ထောက်ပံ့မှု (၁၅၉၉၅၇ဝိ/-)အား ကွင်းဆင်းထောက်ပံ့ရေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #shn_oct2019 Source: ကွက်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံအမတ်ကြီး H.E Ms. Andrea Faulkner ဦးဆောင်သောအဖွဲ့က ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သြစတြေးလျနိုင်ငံ အစိုးရကပေးအပ်လျက်ရှိသောပညာသင်ဆုများ၊သင်တန်းများနှင့်ဝန်ကြီးဌာနနှင့်ပူးပေါင်း ဆောင်ရွက် နိုင်မည့်ကိစ္စများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများကို ငွေကြေးထောက်ပံ့ရေးအစီအစဉ် (MCCT)နှင့်ပတ်သက်၍ အဆိုပါအစီအစဉ်ကို တိုးချဲ့ဆောင်ရွက်နိုင် ရေးအတွက် အသက်မွေးမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ (LIFT Fund)မှတဆင့် ပူးပေါင်း … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကရင်ပြည်နယ်အတွင်း ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး အထောက်အပံ့များ ပေးအပ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကရင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ၊ မိခင်ဝိုင်းများနှင့် လူမှုရေးအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူများ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကိုမျှော်မှန်း၍ အားလုံးသာတူညီမျှခံစားရရှိအောင် ဥပေဒ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စီမံချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုသည် ငြိမ်းချမ်းမှုကို အခြေခံကြောင်း၊ ငြိမ်းချမ်းမှုသည်လည်း ရေရှည်တည်တံ့သည့် ငြိမ်းချမ်းမှုဖြစ်ရန် လိုအပ်ကြောင်း၊ … Read more
-
သောက်သုံးရေ ထောက်ပံ့လှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားကပ်စံပြကျေးရွာအုပ်စု၊ ရေတွင်းကုန်းနှင့် နတ်ကုန်းကျေးရွာတို့၌ သောက်သုံးရေ (၈၄၀)ဂါလံအား (၂၆-၁၀-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #krn_oct2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးနှင့် ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စုရပ်(၁၈)ခုမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၀၄၀)စု၊ လူဦးရေ(၄၃၂၈)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၁၃၅၂)အိတ်၊ (၁၂)ပြည်အား (၂၅.၁၀.၂၀၁၉)ရက်တွင် စစ်တွေခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရသေ့တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_oct2019 Source: စစ်တွေခရိုင်ဦးစီးမှူးရုံးနှင့် ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး
-
အမျိုးသမီးများ ပူးပေါင်းပါဝင်မှုအခွင့်အလမ်းဆိုင်ရာဆွေးနွေးပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကွပ်ကဲမှုဖြင့် ဆောင်ရွက်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း၊ ဒုတိယနှစ်စီမံကိန်းစက်ဝန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အမျိုးသမီးများပူးပေါင်းပါဝင်လာစေရန်၊ ဒေသတွင်း လက်ရှိ လုပ်ဆောင်နေသော လုပ်ငန်းများတွင် အမျိုးသမီးများ ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရန်၊ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းပိုမိုကောင်းမွန်လာစေသော ပံ့ပိုးပေးနိုင်မည့် ပတ်ဝန်းကျင်တစ်ခုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ (၂၅.၁၀.၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အမျိုးသမီးများပူးပေါင်းပါဝင်မှု အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော ကျေးရွာအုပ်စု(၁၆)အုပ်စုမှ အမျိုးသမီးကွန်ရက်များအား ဝန်ကြီးဌာန၏ မူဝါဒများ၊ ဦးစီးဌာန၏ … Read more
-
မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ခြင်း
လူမူဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ကြေးနန်းရပ်ကွက်တွင် (27-9-2019)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု(၁)စု လူဦးရေ(၆)ဦးအတွက် ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး ပါပုံးတစ်ပုံး၊ လူတစ်ဦးလျှင် (၂၁၀ဝိ/-)နှုန်းဖြင့် လူဦးရေ(၆)ဦးအတွက် (၁၂၆၀ဝိ/-)နှင့် လုံးဝပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်တန်ဖိုးငွေ(၂၀၀၀၀ဝိ/-)ကျပ်အား (25-10-2019)ရက်နေ့ (12:40)နာရီအချိန်တွင် ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_oct2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမူဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံခံရေခူးကျေးရွာရှိ တန်ဖိုးနည်းအိမ်ယာတွင် (2-10-2019)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု(၁)စု လူဦးရေ(၆)ဦးအတွက် ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး ပါပုံးတစ်ပုံး၊ လူတစ်ဦးလျှင် (၂၁၀ဝိ/-)နှုန်းဖြင့် လူဦးရေ(၆)ဦးအတွက် (၁၂၆၀ဝ/-)နှင့် လုံးဝပျက်စီးအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်တန်ဖိုးငွေ(၂၀၀၀၀ဝိ/-)ကျပ်အား (25-10-2019)ရက်နေ့ (14:30)နာရီအချိန်တွင် ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_oct2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ စတုတ္ထအကြိမ်(၂/၂ဝ၁၉) အစည်းအဝေးကျင်းပ
မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် (၂/၂ဝ၁၉)အစည်းအဝေး ကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် မသန်စွမ်းသူများ ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးသည် (၂၀၁၉)ခုနှစ်အတွက် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန် များကို အပြည့်အဝ ဖော်ဆောင်ပေးရန်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများကို လက်တွေ့ကျကျအကောင်အထည် ဖော်ရန်အတွက် လုပ်ငန်းကော်မတီ၏ … Read more









