လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကွပ်ကဲမှုဖြင့် ဆောင်ရွက်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း၊ ဒုတိယနှစ်စီမံကိန်းစက်ဝန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အမျိုးသမီးများပူးပေါင်းပါဝင်လာစေရန်၊ ဒေသတွင်း လက်ရှိ လုပ်ဆောင်နေသော လုပ်ငန်းများတွင် အမျိုးသမီးများ ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရန်၊ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းပိုမိုကောင်းမွန်လာစေသော ပံ့ပိုးပေးနိုင်မည့် ပတ်ဝန်းကျင်တစ်ခုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ (၂၅.၁၀.၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အမျိုးသမီးများပူးပေါင်းပါဝင်မှု အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော ကျေးရွာအုပ်စု(၁၆)အုပ်စုမှ အမျိုးသမီးကွန်ရက်များအား ဝန်ကြီးဌာန၏ မူဝါဒများ၊ ဦးစီးဌာန၏ မူဝါဒ၊ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခြင်းများ၊ ဆွေးနွေးပွဲတွင်ဖိတ်ကြားထားသောကိုယ်စားလှယ်များနှင့် ကွန်ရက်အဖွဲ့မှ သိရှိလိုသည့်မေးခွန်းများအား တက်ကြွစွာဖြေဆိုခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာရှေ့လုပ်ငန်းစဉ်များတွင်လည်း အမျိုးသမီးကွန်ရက်များနှင့်ချိတ်ဆက်ဆောက်ရွက်သွားမည်ဟု ဆွေးနွေးခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_fir
#kcn_oct2019
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)