Category Archives: News
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာ၌ (၁၃-၁၁-၂၀၁၉)ရက်နေတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ နေအိမ်(၂)လုံး၊ အိမ်ထောင်(၂)စုမှ လူဦးရေ(၁၂)ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၅,၂၀ဝ/-) ကျပ်တို့ကို (၁၄-၁၁-၂၀၁၉) ရက်နေ့၊ (၁၃:၄၀)နာရီအချိန်တွင် ဘေးသင့်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_nov2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးစဉ်သွားရောက်
နိုဝင်ဘာ ၁၄ ၊ နေပြည်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့ရေးရာဝန်ကြီးဌာန၏ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောက်ရှိလျက်ရှိသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် ဦးဆောင်သည့် ကချင်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့် ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် (၁၃-၁၁-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Madam Gao Xiaobing ဦးဆောင်သည့် နိုင်ငံတကာဆက်ဆံရေးဌာန၊ ကလေးသူငယ်စောင့်ရှောက်ရေးဌာနနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများနှင့် ၎င်းဝန်ကြီးဌာန … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာ၌ (၁၃-၁၁-၂၀၁၉) ရက်နေတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေခဲ့သည့်နေအိမ် (၂) လုံး၊ အိမ်ထောင် (၂) စုမှ လူဦးရေ (၁၂) ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀ဝ) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၂၅,၂၀ဝ) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၂၂၅,၂၀ဝ) ကျပ်အား (၁၄-၁၁- ၂၀၁၉) ရက်နေ့ (၁၃:၄၀) နာရီအချိန်တွင် … Read more
-
သေဆုံးသူမိသားစုအားထောက်ပံပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၉) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာအုပ်စု၊ ဖုံညိုလိပ်ကျေးရွာမှ လက်နက် ကျည်ထိမှန်မှုကြောင့် သေဆုံးသူ (၁) ဦး အတွက် ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀) အား သေဆုံးသူ မိသားစုဝင်များသို့ ထောက်ပံပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_otr #rke_nov2019 source: ဘူးသီးတာင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီချိန်တွင် မိုင်းခုတ်မြို့နယ်၊ လွယ်ဆောင်းကျေးရွာ (အ.မ.က) မူလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူ (၇၀) ဦးကို မီးဘေး၊ အခြားဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2019 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း
လူမှု၀န်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၁-၂၀၁၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အလယ်ကုန်း ကျေးရွာအုပ်စု၊ အလယ်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်ပျက်စီး နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖို့ထောက်ပံ့ငွေ (၃၀၀,၀၀ဝ) ကျပ်၊ ကယ်ဆယ် ရေးပစ္စည်း (၁၉) မျိုးပါ ပလပ်စတစ်ပုံး (၃) ပုံး နှင့် ပျက်စီးနေအိမ် (၃) လုံးရှိ ဘေးသင့် လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ … Read more
-
မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုင်းခုတ်မြို့နယ်၊ လွယ်ဆောင်းကျေးရွာအုပ်စု၊ ရပ်ကွက် ( ၂) နောင်ပွန်းကျေးရွာ၌ (၉-၁၁-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုး အိမ်ထောင်စု (၁) စုစာနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂,၁၀၀/-) ကျပ်တို့ကို (၁၃-၁၁-၂၀၁၉) ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir … Read more
-
ဒဏ်ရာရရှိသူအားထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှုးရုံး မှတာဝန်ရှိသူများသည် ဘူးသီးတောင် မြို့နယ်၊ သရက်ပြင်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ကျေးရွာမှ ကျည်စထိမှန်မှုကြောင့် ဒဏ်ရာ ရရှိခဲ့ပြီး ဘူးသီးတောင်မြို့၊ ပြည့်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်အား (၁၄-၁၁-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။ #ha_otr #rke_nov2019 source: ဘူးသီးတောင်မြို့နယ်ဦးစီးမှုးရုံး(ဘစမ)
-
ငလျင်ဘေးနှင့်အခြားသဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီ မှ (၁၁:၃၀) နာရီအထိ အခြေခံပညာမူလ တန်းကျောင်း ဝမ်ပုံတွင် ဆရာ၊ ဆရာမ ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၀) ဦး အား ငလျင်ဘေးနှင့်အခြားသဘာဝဘေးများဆိုင်ရာအသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆောင် ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈) မျိုး ဆောင်ရန် ရှောင်ရန်များ၊ ငလျင်ဘေးနှင့်ပတ်သက်၍ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၉ ) ရက်နေ့နံနက် (၉:၀၀) မှ (၁၀:၃၀) အထိမိုင်းပျဉ်းမြို့နယ် အောက်ဈေးတန်းရပ် ကွက် ဝိန်းကောင်ကျေးရွာတွင်လူဦးရေ(၇၅) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟော ပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈) မျိုး ဆောင်ရန် ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။ #ha_ar #shn_nov2019 Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး … Read more









