လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၉) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာအုပ်စု၊ ဖုံညိုလိပ်ကျေးရွာမှ လက်နက် ကျည်ထိမှန်မှုကြောင့် သေဆုံးသူ (၁) ဦး အတွက် ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀) အား သေဆုံးသူ မိသားစုဝင်များသို့ ထောက်ပံပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_otr
#rke_nov2019
source: ဘူးသီးတာင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)