ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း

14_pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာ၌ (၁၃-၁၁-၂၀၁၉) ရက်နေတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေခဲ့သည့်နေအိမ် (၂) လုံး၊ အိမ်ထောင် (၂) စုမှ လူဦးရေ (၁၂) ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀ဝ) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၂၅,၂၀ဝ) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၂၂၅,၂၀ဝ) ကျပ်အား (၁၄-၁၁- ၂၀၁၉) ရက်နေ့ (၁၃:၄၀) နာရီအချိန်တွင် ဘေးသင့်သူများလက်ဝယ်အ‌ရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe
#ayy_nov2019
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events