
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီ မှ (၁၁:၃၀) နာရီအထိ အခြေခံပညာမူလ တန်းကျောင်း ဝမ်ပုံတွင် ဆရာ၊ ဆရာမ ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၀) ဦး အား ငလျင်ဘေးနှင့်အခြားသဘာဝဘေးများဆိုင်ရာအသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆောင် ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈) မျိုး ဆောင်ရန် ရှောင်ရန်များ၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ လိုက်ပါဆောင်ရွက်စေခြင်း၊ ဘေး(၈) မျိုးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
#ha_ar
#shn_nov2019
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)