လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုင်းခုတ်မြို့နယ်၊ လွယ်ဆောင်းကျေးရွာအုပ်စု၊ ရပ်ကွက် ( ၂) နောင်ပွန်းကျေးရွာ၌ (၉-၁၁-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုး အိမ်ထောင်စု (၁) စုစာနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂,၁၀၀/-) ကျပ်တို့ကို (၁၃-၁၁-၂၀၁၉) ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#shn_nov2019
Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)