မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း

14_Pic_02
လူမှု၀န်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၁-၂၀၁၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အလယ်ကုန်း ကျေးရွာအုပ်စု၊ အလယ်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်ပျက်စီး နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖို့ထောက်ပံ့ငွေ (၃၀၀,၀၀ဝ) ကျပ်၊ ကယ်ဆယ် ရေးပစ္စည်း (၁၉) မျိုးပါ ပလပ်စတစ်ပုံး (၃) ပုံး နှင့် ပျက်စီးနေအိမ် (၃) လုံးရှိ ဘေးသင့် လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၁,၅၀ဝ) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၃၁,၅၀ဝ) ကျပ်အား (၁၄-၁၁-၂၀၁၉) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် အလယ်ကုန်းကျေးရွာမူလတန်းလွန်ကျောင်းတွင် မင်းလှမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက်ကွင်းဆင်း ထောက်ပံ့ခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir
#bgo_nov2019
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events