Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၁၉) ရက်နေ့၊ နေ့လည် (၁၁:၀၀) ချိန်တွင် ကော့ကရိတ်မြို့နယ်၊ မြောက်ကြာအင်းကျေးရွာရှိ၊ အ.မ.က (မူလွန်) ကျောင်း၌ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ စုစုပေါင်း (၁၁၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #krn_nov2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၁၉) ရက်နေ့နံနက် (၉:၃၀) ချိန်တွင် ကော့ကရိတ်မြို့နယ်၊ နဘူးနှစ်ခြားကျေးရွာ၌ မီးသတ်ဦးစီးဌာန မှဖွင့်လှစ်သော အရန်မီးသတ်သင်တန်းမှ သင်တန်းသား (၃၀) ဦးအား ဦးစီးဌာနနှင့် ပတ်သတ်သောလုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ သဘာဝဘေးနှင့် ပတ်သတ်သော ဆောင်ရန်/ ရှောင်ရန်များကို အသိပညာပေးဟောပြောခဲ့ပြီး ဘေး (၉) မျိုး လက်ကမ်းစာစောင် များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #krn_nov2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
ဘူးသီးတောင်မြို့နယ်အတွင်းတိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက် လမ်းမဘုန်းတော်ကြီးကျောင်းသို့ အသစ်ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၂) စု၊ လူဦးရေ (၁၀၂) ဦး အတွက် ဆန်ရိက္ခာ (၂) ပတ်စာ ဆန် (၁၄) အိတ်၊ (၂၁) ပြည်နှင့် သေကံခွဆုံကျေးရွာအုပ်စု၊ ခွဆုံကျေးရွာသို့ အသစ်ထပ်မံရောက်ရှိလာသော တိုက်ပွဲ ရှောင် ပြည်သူအိမ်ထောင်စု (၄၁) စု၊ လူဦးရေ (၂၁၂) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၆၆) အိတ် (၆) ပြည်အား … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၁၉) ရက်နေ့၊ (၁၀:၃၀) နာရီမှ (၁၁:၃၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာ၊ အ.လ.က(ခွဲ) ဘဲရမ်း၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲနှင့် (DAN) Mobile Application ဖြန့်ဝေအသုံး ပြုခြင်းဆိုင်ရာဆွေနွေးမှုများကို ဟောပြောပြုလုပ်ခဲ့ရာ ကျောင်းသား/ သူနှင့် ပြည်သူလူထု အင်အား (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2019 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းကျေးရွာအုပ်စု၊ ဂုံညင်းတန်းကျေးရွာ၊ ဂုံညင်းတန်းရွာမဓမ္မရရိပ်သာကျောင်း၌ (၂၀-၁၁-၂၀၁၉) ရက်နေ့ (၁၁:၀၀) နာရီအချိန်မှ (၁၂:၃၀) နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ မီး၊ ရေ၊ လေ၊ ငလျင်ပိုစတာများ၊ မီး၊ ရေ၊ မိုးကြိုး၊ မုန်တိုင်း ဗီနိုင်းများ၊ ငလျင်ယပ်တောင်များ၊ ငလျင်ဇာတ်တိုက်စာအုပ်များ၊ ငလျင်ရုပ်ပြစာအုပ်များနှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ရာ အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှတာဝန်ရှိသူမျး၊ ရပ်ကွက်အုပ်ချူပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၉) ရက်နေ့တွင် လွိုင်ကော်မြို့၊ အ.ထ.က (၆) ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးအားလည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်၊ အ.ထ.က (ဒေါညေးခူ) ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ (၁၁၀) ဉီးအားလည်းကောင်း၊ ဖရူဆိုမြို့၊ အ.ထ.က (ဖရူဆို) ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ (၄၇၅) ဦးအားလည်းကောင်း၊ မယ်စဲ့မြို့နယ်၊ အ.ထ.က (ဟိုစဲ့) ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၇၇) ဦးအားလည်းကောင်း၊ အ.ထ.က … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံမှ တာဝန်ရှိသူများသည် ရသေ့တောင်မြို့ နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စုရပ်(၃) ခုဖြစ်သည့် မိညိုထောင့်ကျေးရွာ၊ စပါးထားကျေးရွာနှင့် ဦးဂါကျေးရွာသို့ (၁၄-၁၁-၂၀၁၉) ရက်နေ့တွင် ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၁၅၈) စု၊ လူဦးရေ (၇၂၉) ဦးအတွက် ဆန်ရိက္ခာ (၁၄) ရက်စာ ဆန် (၁၀၆) အိတ်၊ (၇) ပြည်၊ (၄) ဘူးတို့အား (၁၉-၁၁-၂၀၁၉) ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့နှင့်အတူ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်း မြို့နယ် ကျွန်းမီးကျေးရွာအုပ်စု ရွှေတောင်စုကျေးရွာနှင့် ကျွန်းမီးအနောက်ကျေးရွာတို့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုမဖြစ်ခင် (၂၃-၁၀-၂၀၁၉) ရက်နေ့ (၂၄-၁၀-၂၀၁၉) ရက်နေ့ (၂၅-၁၀-၂၀၁၉) ရက်နေ့တို့တွင် ကြိုတင်ရွှေ့ပြောင်းခဲ့သော နေအိမ် စုစုပေါင်း (၁၂) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း (၁၂၀၀,၀၀၀) ကျပ်အား (၂၀-၁၁-၂၀၁၉) ရက်နေ့ နံနက် (၁၀:၃၀) အချိန်ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ် … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၁၁-၂၀၁၉) ရက်နေ့ (၁၆:၀၀) နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ ဂဏန်းပြင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများအနီးပတ်ဝန်းကျင်တောင်ကုန်းများ၌ တပ်မတော်မှ နယ်မြေစိုးမိုး ရေးရှင်းလင်းဆောင်ရွက်စဉ် စိုးရိမ်ကြောက်ရွံ့မှုများကြောင့် ကျောက်ဖြူမြို့၊ ကုလားဘာတောင် ရပ်ကွက်၊ မူလာရာမဘုန်းတော်ကြီးကျောင်း၌ ရောက်ရှိနေသော တိုက်ပွဲရှောင်အိမ်ထောင်စု (၆) စုမှ၊ ကျား (၁၂) ဦး၊ မ (၁၀) ဦး၊ ပေါင်း(၂၂) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ပတ်စာ (၃) အိတ်၊ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၉) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ ဘုရားကုန်းကျေးရွာသို့ သွားရောက်၍ ဆရာ၊ ဆရာမ ၊ ကျေးရွာသူ၊ ကျေးရွာသား တက်ရောက်သူ (၆၅) ဉီး တို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_nov2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









