လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၉) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ ဘုရားကုန်းကျေးရွာသို့ သွားရောက်၍ ဆရာ၊ ဆရာမ ၊ ကျေးရွာသူ၊ ကျေးရွာသား တက်ရောက်သူ (၆၅) ဉီး တို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#krn_nov2019
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)