လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းကျေးရွာအုပ်စု၊ ဂုံညင်းတန်းကျေးရွာ၊ ဂုံညင်းတန်းရွာမဓမ္မရရိပ်သာကျောင်း၌ (၂၀-၁၁-၂၀၁၉) ရက်နေ့ (၁၁:၀၀) နာရီအချိန်မှ (၁၂:၃၀) နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ မီး၊ ရေ၊ လေ၊ ငလျင်ပိုစတာများ၊ မီး၊ ရေ၊ မိုးကြိုး၊ မုန်တိုင်း ဗီနိုင်းများ၊ ငလျင်ယပ်တောင်များ၊ ငလျင်ဇာတ်တိုက်စာအုပ်များ၊ ငလျင်ရုပ်ပြစာအုပ်များနှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ရာ အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှတာဝန်ရှိသူမျး၊ ရပ်ကွက်အုပ်ချူပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာသူ/ သား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#bgo_nov2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)