တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း

20_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၁၁-၂၀၁၉) ရက်နေ့ (၁၆:၀၀) နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ ဂဏန်းပြင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများအနီးပတ်ဝန်းကျင်တောင်ကုန်းများ၌ တပ်မတော်မှ နယ်မြေစိုးမိုး ရေးရှင်းလင်းဆောင်ရွက်စဉ် စိုးရိမ်ကြောက်ရွံ့မှုများကြောင့် ကျောက်ဖြူမြို့၊ ကုလားဘာတောင် ရပ်ကွက်၊ မူလာရာမဘုန်းတော်ကြီးကျောင်း၌ ရောက်ရှိနေသော တိုက်ပွဲရှောင်အိမ်ထောင်စု (၆) စုမှ၊ ကျား (၁၂) ဦး၊ မ (၁၀) ဦး၊ ပေါင်း(၂၂) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ပတ်စာ (၃) အိတ်၊ (၅) ပြည်၊ တန်ဖိုးငွေ (၉၂,၄၀၀) ကျပ်အား (၁၉-၁၁-၂၀၁၉) ရက်နေ့တွင် ကျောက်ဖြူခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_otr
#rke_nov2019

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events