
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၉) ရက်နေ့တွင် လွိုင်ကော်မြို့၊ အ.ထ.က (၆) ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးအားလည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်၊ အ.ထ.က (ဒေါညေးခူ) ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ (၁၁၀) ဉီးအားလည်းကောင်း၊ ဖရူဆိုမြို့၊ အ.ထ.က (ဖရူဆို) ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ (၄၇၅) ဦးအားလည်းကောင်း၊ မယ်စဲ့မြို့နယ်၊ အ.ထ.က (ဟိုစဲ့) ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၇၇) ဦးအားလည်းကောင်း၊ အ.ထ.က (မယ်စဲ့) ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးအားလည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ ပါကြောင်းသတင်းရရှိပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)