
ဘူးသီးတောင်မြို့နယ်အတွင်းတိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက် လမ်းမဘုန်းတော်ကြီးကျောင်းသို့ အသစ်ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၂) စု၊ လူဦးရေ (၁၀၂) ဦး အတွက် ဆန်ရိက္ခာ (၂) ပတ်စာ ဆန် (၁၄) အိတ်၊ (၂၁) ပြည်နှင့် သေကံခွဆုံကျေးရွာအုပ်စု၊ ခွဆုံကျေးရွာသို့ အသစ်ထပ်မံရောက်ရှိလာသော တိုက်ပွဲ ရှောင် ပြည်သူအိမ်ထောင်စု (၄၁) စု၊ လူဦးရေ (၂၁၂) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၆၆) အိတ် (၆) ပြည်အား (၂၀-၁၁-၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင် မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တိုက်ပွဲရှောင်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#rke_nov2019
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)