ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း

20_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်း မြို့နယ် ကျွန်းမီးကျေးရွာအုပ်စု ရွှေတောင်စုကျေးရွာနှင့် ကျွန်းမီးအနောက်ကျေးရွာတို့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုမဖြစ်ခင် (၂၃-၁၀-၂၀၁၉) ရက်နေ့ (၂၄-၁၀-၂၀၁၉) ရက်နေ့ (၂၅-၁၀-၂၀၁၉) ရက်နေ့တို့တွင် ကြိုတင်ရွှေ့ပြောင်းခဲ့သော နေအိမ် စုစုပေါင်း (၁၂) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း (၁၂၀၀,၀၀၀) ကျပ်အား (၂၀-၁၁-၂၀၁၉) ရက်နေ့ နံနက် (၁၀:၃၀) အချိန်ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_rbe
#ayy_nov2019
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events