Category Archives: News
-
ငလျင်၊ မိုးကြိုး၊ ရေနှင့် မြေပြိုဘေးဆိုင်ရာ အသိပညာပေးဆွေနွေးပောာပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၀-၁၁-၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီအချိန်မှ(၁၁:၀၀) နာရီအချိန်ထိ ဗန်းမော်မြို့နယ်၊ အ-ထ-က(၄)ကျောင်းတွင် ငလျင်ဘေး၊ မိုးကြိုးဘေး၊ ရေဘေးနှင့် မြေပြိုဘေး ဆိုင်ရာ အသိပညာပေးဆွေနွေးပောာပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမစုစုပေါင်း (၁၇၀)ဦးခန့်တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #kcn_nov2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၁၁-၂၀၁၉) ရက်နေ့တွင် မြင်းခြံမြို့နယ်၊ အေးရွာ ကျေးရွာအုပ်စု၊အေးရွာကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/ သား (၁၀၅) ဦးခန့် တက်ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ သဘာဝဘေးနှင့်ဆိုင်သော ဆောင်ရန်ရှောင်ရန်များနှင့် ပတ်သက်၍ ဟောပြော ဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #mdy_nov2019 Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၁၁-၂၀၁၉) ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ကွမ်းစိုက် ကျေးရွာအုပ်စု၊ ကွမ်းစိုက်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/ သား (၆၅) ဦးခန့်နှင့် ကျောင်းသား/သူ(၆၂)ဉီးခန့် တက်ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်း တာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ သဘာဝဘေးနှင့်ဆိုင်သော ဆောင်ရန်ရှောင်ရန်များနှင့် ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #mdy_nov2019 Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၁၉-၁၁-၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ ဂဏန်းပြင်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများအနီးပတ်ဝန်းကျင်တောင်ကုန်းများ၌ တပ်မတော်မှ နယ်မြေစိုးမိုးရေးရှင်းလင်းဆောင်ရွက် စဉ် စိုးရိမ်ကြောက်ရွံ့မှုများကြောင့် ကျောက်ဖြူမြို့၊ ကုလားဘာတောင်ရပ်ကွက်၊ မူလာရာမဘုန်းတော်ကြီးကျောင်း ၌ထပ်မံရောက်ရှိနေသော တိုက်ပွဲရှောင်အိမ်ထောင်စု(၂)စုမှ၊ ကျား(၂)ဉီး၊ မ(၈) ဉီး၊ စုစုပေါင်းပေါင်း (၁၀) ဉီးတို့ အတွက် ဆန်ရိက္ခာ (၂) ပတ်စာ (၁)အိတ်၊ (၁၁)ပြည်၊ တန်ဖိုးငွေ (၄၂,၀၀၀) ကျပ်အား(၂၀-၁၁-၂၀၁၉)ရက်နေ့တွင် ကျောက်ဖြူခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_nov2019 … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၁၉) ရက်နေ့တွင် မအူပင်မြို့နယ်၊ ပန်းပင်စု ကျေးရွာအုပ်စု၊ ပန်းပင်စုကျေးရွာရှိ ဓမ္မိကာရုံဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးဟောပြောပွဲအား ရပ်မိရပ်ဖနှင့် ကျေးရွာသူ/သား စုစုပေါင်း (၁၀၀)ဦးနှင့်အတူ ကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် အဆိုပါဟောပြောပွဲတွင် ဘေး(၈)မျိုး လက်ကမ်းစာစောင်များ နံရံကပ်ပိုစတာများ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_nov2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်(၃၀)ပြည့် အထိမ်းအမှတ်နှင့် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကျင်းပ
နေပြည်တော်၊ နိုဝင်ဘာလ(၂၀)ရက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်(၃၀)ပြည့် အထိမ်း အမှတ်နှင့် ၂၀၁၉ ခုနှစ်ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ကျင်းပခဲ့ရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ယူနီဆက်မြန်မာမှ ဌာနေကိုယ်စားလှယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသား ကော်မတီဝင်များ၊ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ကော်မတီဥက္ကဌများ၊ ကလေးငယ် များနှင့် ဆယ်ကျော်သက် သူငယ်(၁၀၀)ကျော်တို့တက်ရောက်ခဲ့ကြပါသည်။ ရှေ့ဦးစွာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ကလေးငယ်များ၊ … Read more
-
နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ
နိုဝင်ဘာ ၁၉၊ နေပြည်တော် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာ မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ပြည်သူများအားလုံးအတွက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှအခွင့်အရေးရရှိခြင်း များကို ဦးတည်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးပေါ်ထွန်းရေးအတွက် လိုက်လျောညီထွေရှိသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်ပေါက်ရေး ဦးတည်ချက်(၃)ရပ်ချမှတ်ပြီး ပေါက်မြောက် အောင်မြင်အောင် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် Professor Walter Kaelin တို့အား သီးခြားစီ လက်ခံတွေ့ဆုံ
နိုဝင်ဘာ ၁၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ “Strategy on Resettlement of IDPs and Closure of IDP Camps” အား ယနေ့ (၁၉-၁၁-၂၀၁၉) ရက်နေ့တွင် စတင်မိတ်ဆက် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာအုပ်စု၊ လက်ဆက်ကျေးရွာ၊ စိတ္တသုခဘုန်းကြီးကျောင်း၌ (၂၀-၁၁-၂၀၁၉) ရက်နေ့ (၁၄:၀၀) နာရီအချိန်မှ (၁၅:၃၀) နာရီ အချိန်ထိ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာ ပေးဟောပြောခြင်း၊ မီး၊ ရေ၊ လေ၊ ငလျင်ပိုစတာများ၊ မီး၊ ရေ၊ မိုးကြိုး၊ မုန်တိုင်းဗီနိုင်းများ၊ ငလျင်ယပ်တောင်များ၊ ငလျင်ဇာတ်တိုက်စာအုပ်များ၊ ငလျင်ရုပ်ပြစာအုပ်များနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ရာ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၁၉) ရက်နေ့ မွန်းလွဲ (၂:၀၀) နာရီမှ (၃:၀၀) နာရီအထိ မင်းဘူး(စကု)မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ပြည်သူလူထု လူဦးရေ (၁၀၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပါ သည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ သဘာဝ ဘေးနှင့်ဆိုင်သော အသိပညာများဟောပြောဆွေးနွေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #mgy_nov2019 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)









