လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၁၉) ရက်နေ့တွင် မအူပင်မြို့နယ်၊ ပန်းပင်စု ကျေးရွာအုပ်စု၊ ပန်းပင်စုကျေးရွာရှိ ဓမ္မိကာရုံဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးဟောပြောပွဲအား ရပ်မိရပ်ဖနှင့် ကျေးရွာသူ/သား စုစုပေါင်း (၁၀၀)ဦးနှင့်အတူ ကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် အဆိုပါဟောပြောပွဲတွင် ဘေး(၈)မျိုး လက်ကမ်းစာစောင်များ နံရံကပ်ပိုစတာများ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)