
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၁၉) ရက်နေ့ မွန်းလွဲ (၂:၀၀) နာရီမှ (၃:၀၀) နာရီအထိ မင်းဘူး(စကု)မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ပြည်သူလူထု လူဦးရေ (၁၀၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပါ သည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ သဘာဝ ဘေးနှင့်ဆိုင်သော အသိပညာများဟောပြောဆွေးနွေးခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#mgy_nov2019
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)